ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ညွန်ကြားမှုဖြင့် KCKM Co., Ltd မှအကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသော စီမံကိန်းအား ကုမ္ပဏီမှနှစ်ကာလအပိုင်းခြားတစ်ခုအထိ တာဝန်ယူထိန်းသိမ်း မီတာခကောက်ခံ သွားမည်ဖြစ်ပြီး ထို့နောက်တွင်ကျးရွာမီးလင်းရေး ကော်မတီသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။
ကျေးရွာရှိအိမ်များမှ မီးသုံးစွဲမှု အပေါ်မူတည်ပြီး ထည့်ဝင်ပေးနိုင်ပါသည်။
အိမ်တစ်လုံးချင်းစီ ထည့်ဝင်ငွေထဲတွင် ၁။ (၅)ဝပ် LED မီးသီး (၃)လုံး၊ ၂။ မီးခလုပ် (၁)ခု၊ ၃။ ဆာ့ကစ် (၁)ခု ၊ ၄။ မီတာ (၁)လုံး ၊ ၅။ လိုအပ်သော ၀ါယာကြိုးများ ၆။ MCB, RCB ၇။ တပ်ဆင်ခ အပြီးအစီးပါဝင်မည် ဖြစ်ပါသည်။ |
မီတာစနစ် ကြိုတင်ငွေဖြည့်ရသည့် မီတာစနစ်မျိုးဖြစ်ပြီး အခြေခံယူနစ်ကောက်ယူခြင်း မရှိပါ။ |
ပရဟိတလုပ်ငန်းများး KCKM Co., Ltd အနေဖြင့်ကျးရွာရှိ လမ်းမီးများကို အခမဲ့ တပ်ဆင် ထွန်းလင်း ပေးသွား မည်ဖြစ်ပြီး ၁။ စာသင်ကျောင်းများ ၂။ ဘာသာရေးဆိုင်ရာအဆောက်အဦးများ ၃။ ဆေးပေးခန်းများကို တစ်လလျှင် ယူနစ် (၂၀)စီ အခမဲ့သုံးစွဲခွင့်ပြုသွားမည် ဖြစ်ပါသည်။ |