The New Value Trontier

ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ညွှန်ကြားမှုဖြင့် KCKM Co., Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ဆိုလာအသေးစား ဓါတ်အားပေးလုပ်ငန်းအကြောင်း

ဆိုလာအသေးစားဓါတ်အားပေးလုပ်ငန်းသည် ကျေးလက်ဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းနှင့် ကျေးရွာမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ပြီး အကောင်ထည်ဖော် ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။

ထိုစီမံကိန်းအား ကုမ္ပဏီမှ နှစ်ကာလအပိုင်းခြားတစ်ခုအထိ တာဝန်ယူထိန်းသိမ်း မီတာခကောက်ခံ သွားမည်ဖြစ်ပြီး ထို့နောက်တွင် ကျေးရွာမီးလင်းရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။

ကျေးရွာရှိအိမ်များမှ မီးသုံးစွဲမှု အပေါ်မူတည်ပြီး ထည့်ဝင်ပေးနိုင်ပါသည်။

အိမ်တစ်လုံးချင်းစီ ထည့်ဝင်ငွေထဲတွင်
၁။ (၅)ဝပ် LED မီးသီး (၃)လုံး၊
၂။ မီးခလုပ် (၁)ခု၊
၃။ ဆော့ကစ် (၁)ခု ၊
၄။ မီတာ (၁)လုံး ၊
၅။ လိုအပ်သော ၀ါယာကြိုးများ
၆။ MCB, RCB
၇။ တပ်ဆင်ခ
အပြီးအစီးပါဝင်မည် ဖြစ်ပါသည်။
မီတာစနစ်
ကြိုတင်ငွေဖြည့်ရသည့် မီတာစနစ်မျိုးဖြစ်ပြီး အခြေခံယူနစ်ကောက်ယူခြင်း မရှိပါ။
ပရဟိတလုပ်ငန်းများး
KCKM Co., Ltd အနေဖြင့် ‌ကျေးရွာရှိ လမ်းမီးများကို အခမဲ့ တပ်ဆင် ထွန်းလင်းပေးသွားမည်ဖြစ်ပြီး
၁။ စာသင်ကျောင်းများ
၂။ ဘာသာရေးဆိုင်ရာအဆောက်အဦးများ
၃။ ဆေးပေးခန်းများကို
တစ်လလျှင် ယူနစ် (၂၀)စီ အခမဲ့သုံးစွဲခွင့်ပြုသွားမည် ဖြစ်ပါသည်။